လှိုင် ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ၊ စာအုပ်ပြပွဲကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးညိုထွန်းက အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောရာ လူငယ်တွေဟာ နိုင်ငံ့အနာဂတ်၊ ကမ္ဘာအနာဂတ်အဓိကအားတစ်ရပ်ဖြစ်ကြောင်း၊ လူငယ်တွေရဲ့ အသိပညာ၊ ကျန်းမာရေး၊ စီးပွားရေးနဲ့ လူမှုရေးလှုပ်ရှားမှုတွေအတွက် အခွင့်အလမ်းဖန်တီးရန်လိုအပ်ကြောင်း၊ လူငယ်များ၏ အသံ၊ အမြင်၊ အကြံဉာဏ်များကို ဆုံးဖြတ်ချက်ချမှုတွင် ပါဝင်စေခြင်းစသည်တို့အား အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် စာအုပ်စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။
ဇော်ဇော်နိုင် (ပြန်/ဆက်)