နေပြည်တော်ကောင်စီဝင် ဦးမင်းဦး မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆင်းသုခမျိုးစပါး   စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေး

ပုဗ္ဗသီရိ ဩဂုတ် ၁၃

နေပြည်တော်ကောင်စီဝင် ဦးမင်းဦးသည် ယနေ့နံနံပိုင်းတွင် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်၊ သပြေတန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် ၁၆၄၂ ရှိ တောင်သူ ဦးတင်ထွန်း၏ မိုးစပါးစိုက်ဧက နှစ်ဧကတွင် မျိုးစေ့ချကိရိယာ(Seeder)ဖြင့် ဆင်းသုခမျိုးစပါး စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဝင်က တောင်သူများနှင့်တွေ့ဆုံ၍ မျိုး၊ မြေ၊ ရေ၊ နည်း  နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ မိုး၊ ဆောင်း၊ နွေရာသီပြည့်သီးနှံများစိုက်ပျိုးနိုင်ရေး၊ သီနှံများပန်းတိုင်အထွက်နှုန်းရရှိရေး၊ သဘာဝမြေသြဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲစေရေး၊ တစ်နှစ်သုံးသီးစိုက်ပျိုးနိုင်ရေးနှင့် သီးထပ်စွမ်းအားမြှင့်တင်နိုင်ရေး၊ စိုက်ပျိုးရေရရှိရေးအတွက် နည်းလမ်းမျိုးစုံအသုံးပြုဆောင်ရွက်ရေး၊ ပေါ်ဆန်းမွှေးနှင့် အောင်နိုင်တိုးစပါးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ကြဲပက်စနစ်ပပျောက်အောင် မျိုးစေ့ချကိရိယာနှင့်  ကောက်စိုက်စက်များဖြင့် စိုက်ပျိုးစေရေး၊ တောင်သူ အသိပညာပေးဆွေးနွေးပွဲများ စဉ်ဆက်မပြတ် ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)