မိုင်းခုတ်​မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ဆောင်ရွက်ပေး

မိုင်းခုတ် သြဂုတ် ၁၃

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် ၁၀ နာရီက ကျောင်းကျန်းမာရေးစစ်ဆေးခြင်း ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကျောင်းကျန်းမာရေးစစ်ဆေးခြင်းကို မိုင်းခုတ်မြို့ တိုက်နယ်ဆေးရုံမှ အထက်တန်းသူနာပြု ဒေါ်မာလာစိန်၊ ကျေးလက်ကျန်းမာရေးဌာနမှ ကျေးလက်ကျန်းမာရေးမှူး  ဒေါ်ကေသီထွန်း ကျေးလက်ကျန်းမာရေးဌာနမှ သားဖွားဆရာမ ဒေါ် အားမီတို့က ဆောင်ရွက်ပေးခဲ့သည်။

မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား ကျောင်းသူများအား ဗီတာမင် A တိုက်ကျွေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်းနှင့် လိုအပ်သည့်ကျန်းမာရေးစစ်ဆေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)