မိုင်းခုတ် သြဂုတ် ၁၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community center)ခန်းမတွင် ယနေ့ မွန်းလွဲ ၁ နာရီက ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သန္တာအောင်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မူလတန်းအဆင့် ကျောင်းသား၊ကျောင်းသူများကကဗျာရွတ်ဆိုပြိုင်ပွဲကို ပျော်ရွှင်စွာပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲသို့ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူ(၁၂)ဦး ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုင်းခုတ်မြို့(ပြန်/ဆက်)