ငါန်းဇွန်မြို့ အမှတ်(၂) ရပ်ကွက်အတွင်း ကျောက်ရိုးစီရေမြောင်းလုပ်ငန်းဆောင်ရွက်မှုအား ကွင်းဆင်းစစ်ဆေး

ငါန်းဇွန် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့၌ ရေစီးရေလာ ကောင်းမွန်စေရေး ဆောင်ရွက်လျက်ရှိသည့် အမှတ်(၂) ရပ်ကွက်အတွင်းရှိ ကျောက်ရိုးစီရေမြောင်းလုပ်ငန်းအတွက် ကျောက်စုဆောင်းထားရှိမှုအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ယနေ့ နံနက် ၁၀ နာရီခွဲက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင်ပြုရန်ပုံငွေ (၄.၃၄၅)သန်း ဖြင့် ဆောင်ရွက်လျက်ရှိသည့် ငါန်းဇွန်မြို့၊ အမှတ်(၂)ရပ်ကွက်အတွင်းရှိ နတ်စင်ချောင်းလမ်းဘေး ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျောက်ရိုးစီရေမြောင်း (၆၅ပေ x ၄ပေ x ၃.၅ပေ) လုပ်ငန်းအတွက် ကျောက်စုဆောင်းထားရှိမှုအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးမောင်မောင်ကျော်မှ လုပ်ငန်းဆောင်ရွက်ထားရှိမှု၊ လုပ်ငန်းဆောင်ရွက်မည့် အခြေအနေအား လှည့်လည် ရှင်းလင်းပြသခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)