နေပြည်တော် ဩဂုတ် ၁၃
နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့က ဒက္ခိဏသီရိမြို့နယ်စိုက်ကြပ်ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြိုု့နယ်အတွင်း သဘာဝမြေဆွေး ပြုလုပ်နေမှုကိုကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်နှင့်တာဝန်ရှိသူများသည် ကွင်းအမှတ် ၁၆၇၁ ကွင်းအတွင်းရှိ တောင်သူ ဦးအောင်ဇော်ဦး၏ လယ်မြေအတွင်း သဘာဝမြေဆွေးပြုလုပ်နေမှုကို ကြည့်ရှုစစ်ဆေးရာ ဒက္ခိဏသီရိမြို့နယ် စိုက်ပျိုးရေးတာဝန်ခံက သဘာဝမြေဆွေးပုံပြုလုပ်နည်း သဘာဝမြေဆွေးပြုလုပ်ပုံနည်းစနစ်များကိုရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဝင်က တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။
အောင်သူရဦး(ပြန်/ဆက်)