လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ် အမှတ်(၈)ရပ်ကွက်တွင် ယာယီနေရပ်စွန့်ခွာ ပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေး

လှိုင်သာယာ သြဂုတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား(ဧပြီ၊ မေ၊ ဇွန်)အတွက် တစ်ဦးလျှင် ကျပ်(၆၀၀၀၀)နှုန်းဖြင့် ကွင်းဆင်းထုတ်ပေးခြင်းကို သြဂုတ် ၁၁ ရက်နေ့ နံနက်(၈)နာရီ၌ အမှတ်(၈)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ထုတ်ပေးလျက်ရှိသည်။

ထိုသို့ ထုတ်ပေးရာတွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား တစ်ဦးလျှင် ဧပြီ၊ မေ၊ ဇွန် ၃ လစာအတွက် (၆၀၀၀၀) ကျပ် ထောက်ပံ့ပေးအပ်ရာ လူဦးရေ စုစုပေါင်း(၃၅၆)ဦးတို့အား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်‌ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဘော်နှင့် အဖွဲ့၀င်များ၊ အဖွဲ့ ၀င်(၁) ဗိုလ်မှူးကြည်သာဇော်၊ အဖွဲ့(၂)မှ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ အမှတ်(၈)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်နိုင်စိုးတို့နှင့် အဖွဲ့၀င်တို့မှ ပူးပေါင်း၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ခင်ဝင်းမူ (ပြန်/ဆက်)