ကာလိ ဩဂုတ် ၁၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများက (Mobile Library) စနစ်ဖြင့် စာအုပ်၊ စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းကို ယမန်နေ့ ညနေက အ.လ.က(ခွဲ)ကျိုင်းလွန်းသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် စာကြည့်တိုက်သို့လာရောက်ရန်အခက်အခဲရှိသည့် စာဖတ်ပရိသတ်များကို စာပေဖတ်ရှုလေ့လာစေရန်ရည်ရွယ်၍ လှည့်လည်ငှားရမ်းပေးခြင်းဖြစ်ကြောင်း ငှားရမ်းထားသည့်စာအုပ်များပြန်လည်လက်ခံခြင်း၊ အသစ်ပြန်လည်ငှားရမ်းသည့ စနစ်ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်အနေဖြင့် စာငှားသူတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်း၊ ထိုသို့စာအုပ်များငှားရမ်းပေးရာတွင် မဂ္ဂဇင်း၊ ရုပ်ပြနှင့် အသိပညာဗဟုသုတများစွာရရှိသည့် သုတ၊ ရသစာအုပ် စာစောင်များ အုပ်ရေ (၇၀) အုပ်ငှားရမ်းပေးခဲ့ပြီး ငှားရမ်းပေးခဲ့သော စာအုပ်များကို ရက်သတ္တနှစ်ပတ်လျှင်တစ်ကြိမ် လဲလှယ်စနစ်ဖြင့် ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကာလိ(ပြန်/ဆက်)