လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

အမရပူရ သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှမ်းကလေးကျွန်းကျေးရွာ၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီခွဲက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ 

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်ချိုဝေလွင်က အဖွင့်အမှာစကား ပြောကြားပေးခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းက ကျောင်းသား၊ ကျောင်းသူလေးများ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေရန်၊ အသိပညာ ဗဟုသုတ ရရှိစေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးစေရေးတို့အတွက် သိသင့်သိထိုက်သည့် အကြောင်းအရာများကို ရှင်းလင်းဟောပြောဆွေနွေးခဲ့သည်။ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများက သိလိုသည်များ မေးမြန်းခဲ့ရာ ဦးစီးအရာရှိနှင့် ကျောင်းအုပ်ဆရာမကြီးတို့က ပြန်လည်ဖြေကြားပေးခဲ့ကြသည်။ ဆက်လက်ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော နံရံကပ်စာစောင်များကို စိတ်ဝင်တစားကြည့်ရှုခဲ့ကြသည်။

စိုးသီဟ(အမရ)