ကွမ်းခြံကုန်း ဩဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် မြို့မဈေးကွက်အတွင်း ရောင်းချသောဆန်များအား ဩဂုတ် ၁၁ ရက်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့မဈေးတွင် ရောင်းချနေသော ငစိန်(ထွန်းပု) ဆန်၊ ဧည့်မထဆန်၊ မီးဒုံဆန်၊ ငကျွဲဆန်စသော ဈေးနှုန်းများအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကွမ်းခြံကုန်းမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေးက ဆန်ဈေးနှုန်းများအား သတ်မှတ်ရည်ညွှန်းဈေးအတွင်း၌သာ ရောင်းချကြရန်၊ ဈေးနှုန်းမြှင့်တက်ရောင်းချခြင်းမပြုရန် ဈေးကစားရန်ရည်ရွယ်၍ သိုလှောင်ထားခြင်း မပြုကြရန်၊ လုပ်ငန်းရှင်များအား ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာတွင် ကွမ်းခြံကုန်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအောင်ပြည့်စိုး စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်နွယ်နွယ်အေး မြို့နယ်စည်ပင်သာယာရေးရာအဖွဲ့၊ ဈေးတာဝန်ခံ၊ ကျန်းမာရေး (၃) ဦးထွန်းထွန်း ပူးပေါင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)