မိုးနဲမြို့နယ် နမ့်စလိုင်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ‌စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်

မိုးနဲ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နမ့်စလိုင်အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)၌ ယနေ့နံနက် ၉ နာရီအချိန်က ကျောင်းစာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးညွန့်ရွှေနှင့် စာကြည့်တိုက်တာဝန်ခံ ဒုတိယဦးစီးမှူး ဒေါ်နန်းမွမ်းဆိုင်တို့က ကျောင်းစာကြည့်တိုက်လုပ်ငန်း ပိုမိုအဆင်ပြေစေရေး၊ ‌စာအုပ်စာစောင်များ ပျက်စီးဆုံးရူံးမှု မဖြစ်ပေါ်စေရေး ပြုလုပ်ထားသင့်သည့်အချက်များ၊ စာကြည့်တိုက်အထားအသိုပုံစံနှင့် ‌စာကြည့်တိုက်လုပ်ငန်း ရေရှည်တည်တံ့စေရေး ဆောင်ရွက်သင့်သည့်အချက်များကို ‌ပြောကြားပေးခဲ့‌ကြောင်း သိရသည်။

ဇင်ကိုကို