ဒဂုံ(အရှေ့) သြဂုတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၂) အခြေခံပညာမူလတန်းလွန်ကျောင်းတွင် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၉)နာရီအချိန်က အဆိုပါကျောင်း၌ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခမ်းအနားတွင် အမှတ်(၁၂)အခြေခံပညာမူလတန်းလွန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးချစ်ဇော်ကအဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ် ဖွဲ့မှူးရဲမှူးထွန်းထွန်းမြင့်က အွန်လိုင်းအန္တရာယ်တို့ကာကွယ်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဦးစီးအရာရှိဒေါ်အေးမဉ္ဇူကအပြည်ပြည်ဆိုင်ရာလူငယ်များနေ့ဖြစ်ပေါ်လာပုံအကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကိုဟောပြောခဲ့ပြီး ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ဂိမ်းကစားနည်းပြိုင်ပွဲများကိုဆက်လက်ကျင်းပခဲ့ရာ ဌာနဆိုင် ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌဒေါ်ငြိမ်းကြည်ရွှေနှင့်အဖွဲ့ဝင်များ၊ မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များကကြည့်ရှု့ခဲ့ကြပြီး ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးအပ်ခဲ့သည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်ပြဘုတ်များ၊ စာအုပ်ပြပွဲအားပြသထားရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကဗဟုသုတရရှိစေရန် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အေးမဉ္ဇူ