မိုင်းခတ်မြို့ Community Centre ခန်းမ၌ စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) မှ စာဖတ်ဝိုင်းပြုလုပ်

မိုင်းခတ် ဩဂုတ် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာ‌စောင်ချစ်မြတ်နိုးသူများအသင်း (Women Club)တို့ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယနေ့နံနက် ၉ နာရီခွဲအချိန်က  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းခတ်မြို့နယ် ဦးစီးမှူး ဒေါ်နန်းနွယ်နီအောင်က စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်အ‌ကြောင်းနှင့် စာပေလေ့လာဖတ်ရှုခြင်း၏ အကျိုးကျေးဇူးများအကြောင်း ရှင်းလင်းပြောကြားပြီး၊ Women Club အသင်းမှဥက္ကဋ္ဌ ဒေါ်‌နော်ဝါဝါမောင် ကစာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးမည့် စာအုပ်ပါအချက်အလက်များကို ဆွေးနွေးပြောကြားသည်။

ထို့နောက် စာ‌ရေးဆရာအောင်သင်း ရေးသားသည့် "နှလုံးသားကိုလေးပေါ်တင်၍ ပစ်သောအခါ" စာအုပ်အားစာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ရာစာအုပ်စာစောင်ချစ်မြတ်နိုးသူ အမျိုးသမီးများအသင်း (Women Club)မှအဖွဲ့ဝင်များက လိမ္မာရေးခြား ဆိုစကား၊ ကံဆိုးတိုင်း မိုးမ‌မှောင်ပါ၊ စာတတ်ဖို့ စာဖတ်ဖို့၊ လူငယ်နှင့်သည်းခံမှုစသည့် ခေါင်းစဉ်ပါအကြောင်းအရာများကို အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)