မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် သောက်သုံးရေလှူဒါန်း

မူဆယ် ဩဂုတ် ၁၃

မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ သောက်သုံးရေ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် ၄-၈-၂၀၂၅ ရက်နေ့မှ ၁၈-၈-၂၀၂၅ ရက်နေ့အထိ လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ရာ မူဆယ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများတွင် သောက်သုံးရေ လိုအပ်လျက်ရှိပါသည်။ အဆိုပါ လိုအပ်လျက်ရှိသည့် သောက်သုံးရေကို မူဆယ်ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ သွားရောက်လှူဒါန်းခဲ့ရာ ဩဂုတ်လ ၁၁ ရက်နေ့က ဆရာ/ဆရာမ (၆၀) ဦးနှင့် ကျောင်းသား/သူ (၃၁၀၂) ဦးရှိသည့် အ.ထ.က(၂) နှင့် ဆရာ/မ (၁၇)ဦးနှင့် ကျောင်းသား/သူ (၅၅၂) ဦးရှိသည့် အလက(၁)တို့အား ရေဂါလံ (၄၈၀၀) လှူဒါန်းခဲ့ပြီး နောက်ရက်များတွင် အခြားကျောင်းများသို့လည်း သွားရောက်လှူဒါန်းမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ လှူဒါန်းသည့်နေရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇော်လင်း၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးနေဝင်းတိုးနှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးတို့မှ သွားရောက်ကြီးကြပ် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

ချယ်ရီမြေ(မူဆယ်)