ကာလိမြို့တွင် အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ကာလိ ဩဂုတ် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲနှင့် အသိပညာပေး နံရံကပ်စာစောင်ပြသ ဆောင်ရွက်ခြင်းကို ယမန်နေ့ ညနေပိုင်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကျိုင်းလွန်းကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပရာတွင် ကာလိမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးစည်သူအောင်က အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ဖြစ်ပေါ်လာပုံ၊ လူငယ်နှင့်ဗလငါးတန်း၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ပြသထားသော ကလေးသူငယ်အခွင့်အရေးဆိုင်ရာများ အသိပညာပေး နံရံကပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)