အင်းစိန်မြို့နယ်၌ ကျောင်းစာကြည်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲပြိုင်ပွဲများ ကျင်းပ

အင်းစိန် ဩဂုတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးအသိ ပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အမှတ်(၁၃)အခြေခံပညာမူလတန်းကျောင်း၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီးဒေါ်လှလှရီကအမှာစကားပြောကြားခဲ့ပြီ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲကျင်းပရခြင်း၏ရည်ရွယ်ချက်များကို‌ပြောကြားပြီး၊ လူငယ်များဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဟောပြောခဲ့သည်။                         

ဆက်လက်ပြီး စာရေးဆရာဒေါက်တာဗိုလ်သံမဏိ(တောင်တွင်ကြီး)မှ “စာပေမြင့်မှလူမျိုးတင့်မည်” ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး၊ စာရေးဆရာဦးရန်မိုးအောင်က စာပေ၏အကျိုးကျေးများအကြောင်းများကို‌ ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား/သူများကို မြန်မာ့ရိုးရာချစ်စဖွယ်ပုံပြင်များစာအုပ်ကိုဖတ်ကြားစေပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသ‌ ထားသော ကလေးအလုပ်သမားပပျောက်ရေးဝိုင်းဝန်းကူညီစောင့်ရှောက်ပေးနံရံကပ်စာစောင်၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်စာစောင်များပြသခဲ့ပြီး ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် စာဖတ်စွမ်းရည်ပြိုင်ပွဲစကားပုံဆက်ပြိုင်ပွဲကိုလည်း ကျောင်းသား၊ ကျောင်း သူများကပျော်ရွှင်စွာပါဝင်ကစားခဲ့ကြကြောင်းသိရသည်။

ထွန်းလင်းကျော်(ပြန်/ဆက်)