မိတ္ထီလာမြို့နယ် ကန်သာအေး-အောင်သာလမ်း မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မိတ္ထီလာ သြဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ဘဏ္ဍာရေးနှစ်  ကန်သာအေး-အောင်သာလမ်းဌာနမှ စက်ယန္တရားသုံး၍ မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းအား တာဝန်ရှိသူများက သြဂုတ်လ ၁၁ ရက်နေ့က   ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိတ္ထီလာခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)နှင့် မိတ္ထီလာမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ (မြို့ပြ)တို့က   ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေ ၄၇.၁၀၄ သန်းဖြင့် မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အရှည် ၁/၂မိုင်၊ အကျယ် ၁၈ ပေ၊ ထု ၂ပေ ၄လက်မရှိ ကန်သာအေး-အောင်သာလမ်းကိုဌာနမှ စက်ယန္တရားသုံး၍ မြေသားတင် ဂျင်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီးလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)