ပျော်ဘွယ်မြို့နယ်တွင် စာပေဝါသနာရှင်များဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်း ကျင်းပ

ပျော်ဘွယ် ဩဂုတ် ၁၃

ပျော်ဘွယ်မြို့နယ်ရုံးတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်းဝင်များ၊ စာပေဝါသနာရှင်များ စုပေါင်း၍ စာဖတ်ဝိုင်း ကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ်ရုံး Community Centre ခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး အသင်းဝင်များနှင့် စာပေဝါသနာရှင်များက စာရေးဆရာ ဦးတင်ဦး(ကျူရှင်) ရေးသားသည့် “လူငယ်နှင့်ယဉ်ကျေးမှုတန်ဖိုး” ဆောင်းပါး၌ ပါရှိသော အကြောင်းအရာများကို ဖတ်ရှုကာ မိမိတို့၏ အတွေးအမြင်များကို အပြန် အလှန် ဆွေးနွေးကြသည်။

စာပေဝါသနာရှင်များက ယခုစာအုပ်တွင် စာရေးဆရာသည် လူငယ်များအနေဖြင့် မိမိတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံတန်ဖိုးအကြောင်းအရာတို့ကို သိမြင်တတ်ရန် လိုအပ်ပါကြောင်းနှင့် ထိန်းသိမ်းတတ်စေရန်လည်း လိုအပ်ပါကြောင်း၊ ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုအကြောင်းအရာများကိုလည်း သိရှိလိုက်နာတတ်စေရန် လိုအပ်ကြောင်းတို့ကို လမ်းညွှန်ပေးထားသည့် စာအုပ်ဖြစ်ကြောင်း ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။

မင်းမင်းထွေး(ပျော်ဘွယ်)