ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားကျင်းပ

မြဝတီ သြဂုတ် ၁၃

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ သြဂုတ်လ ၁၁ ရက်နေ့က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲတို့၌ "ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ" အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားများကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ မြိုနယ်အုပ်ချုပ်ရေးမှူး ဦးဇော်မော်အောင်က အဖွင့်အမှာစကား ပြောကြားပြီး မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနက ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ vedio clip ၂ ခု ကို ပရိုဂျက်တာဖြင့် အသိပညာပေး ပြသခဲ့သည်။

ထို့​နောက် တရားလွတ်တော်ရှေ့နေ ဒေါ်ခင်ခင်စန်း၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်ဖွဲ့ ဒုတိယ ရဲမှူး ဦးသက်ဇော်ထွန်း၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန (ဂေဟာ) လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်နွယ်နွယ်ရီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မာမာရီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်းနှင့် စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင်တို့က ဆက်သွယ်ရေးလိမ်လည်မှု အမျိုးအစားများ၊ online media ဖြင့် အမည်အမျိုးမျိုး၊ account အမျိုးမျိုးသုံးကာ လိမ်လည်ခဲ့မှုဖြစ်စဉ်များ၊ လောင်းကစားမှုနှင့် လူကုန်ကူးမှု၊ လိမ်လည်မှုဆိုင်ရာများနှင့် ဆက်စပ်သည့် ဆက်သွယ်ရေးလိမ်လည်မှု ဖြစ်စဉ်များ၊  လူမှုပတ်ဝန်းကျင်၌ ကြုံတွေ့ရသည့် အကြောင်းအရာများ၊ ဆိုက်ဘာလုံခြုံရေးဆိုင်ရာ သတိပြုဆင်ခြင်ရမည့်နည်းလမ်းများ၊ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းများ စသည့် အကြောင်းအရာများအား အကျယ်တဝင့် ရှင်းလင်းဟောပြောပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး ဦးမိုးကျော်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး video ၂ ခု ကို ပရိုဂျက်တာဖြင့် ပြသခဲ့မှုနှင့် ပတ်သက်၍ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူလေးများက သိရှိလိုသည်များအား မေးမြန်းခဲ့ကြမှုအပေါ် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် အသိပညာပေး နံရံကပ်စာစောင်၊ စာအုပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)