ကျောက်ဆည်ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်ပြပွဲကျင်းပ

ကျောက်ဆည် ဩဂုတ် ၁၃

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာနတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့်စာအုပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားကျောင်းသူများအား လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူငယ်များ လူကုန်ကူးမှုမခံရအောင် အခြေခံသိထားရမည့်အချက်များ၊ လူကုန်ကူးမှုကိုသိရှိကာ ကြိုတင်ကာကွယ်နိုင်မည့် အကြောင်းအရာများ၊ လူကုန်ကူးခံရခြင်းကြောင့်း စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာဆိုးကျိုးများ စသည့် အကြောင်းအရာများကိုပြောကြားခဲ့ပြီး ဦးစီးအရာရှိဒေါ်ခင်နှင်းရီက လူကုန်ကူးမှု၊ လူမှောင်ခိုမှုဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ လူကုန်ကူးမှုနှင့်ပတ်သက်သည့်ပြစ်မှု၊ ပြစ်ဒဏ်များ၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူကုန်ကူးမှုမခံရစေရေးအတွက် သိရှိထားရမည့်အချက်များ၊ လိုက်နာဆောင်ရွက်ရမည့်အချက်များကို ဟောပြောခဲ့ပြီး ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော သုတ၊ရသစာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုခဲ့ကြောင်း သိရသည်။

စုစုအေး(ကျောက်ဆည်)