ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ MSME လုပ်ငန်းများအား MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်း ကြည့်ရှုအားပေး

ဇမ္ဗူသီရိ ဩဂုတ် ၁၃

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကောင်စီ၊ ကောင်စီအဖွဲ့ဝင် MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်းသည် ဇမ္ဗူသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဇေနော်ဝင်း၊ ဇမ္ဗူသီရိမြို့နယ် MSME ဥက္ကဋ္ဌ ဒေါ်ခင်မိုးဖြူနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့ ညနေပိုင်းက MSME ထုတ်ကုန်များ တင်ပြရောင်းချမည့်လုပ်ငန်းများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ သပြေကုန်းရပ်ကွက်၊ ရွှေကြာပင်ရပ်ကွက်နှင့် အောင်ဇမ္ဗူရပ်ကွက်တို့တွင် MSME လုပ်ငန်းများ ဆောင်ရွက်နေသည့် လုပ်ငန်းရှင်များအနေဖြင့် ထုတ်ကုန်များတင်ပြရောင်းချမည့် ချမ်းမြေ့မေတ္တာကျောက်မျက် ရတနာလုပ်ငန်း၊ Zabu Mart တောဓလေ့ မြေပဲဆုံဆီသန့်လုပ်ငန်း၊ ငွေကြယ်စားသောက်ကုန်လုပ်ငန်းနှင့် အောင်ဇမ္ဗူထွန်း မြေပဲဆုံဆီလုပ်ငန်းများအား MSME Agency ဥက္ကဋ္ဌ ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။

နီလာ(ပြန်/‌ဆက်)