ချမ်းအေးသာစံ ဩဂုတ် ၁၃
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (United Nations Children’s Fund - UNICEF) ၏ မြန်မာနိုင်ငံဆိုင်ရာဌာနေ ကိုယ်စားလှယ် Mr. Yasumasa Kimura အား ယမန်နေ့ မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။
ထိုသို့တွေ့ဆုံစဉ် ကမ္ဘာ့ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့မှ ငလျင်ဒဏ်သင့် မိသားစုများအတွက် ပံ့ပိုးဆောင်ရွက်ပြီးစီးမှုများ၊ ဆောင်ရွက်ဆဲလုပ်ငန်းများ၊ ဆက်လက်ဆောင်ရွက်ပေးမည့် အစီအမံများနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးဝန်ကြီးများနှင့် အဖွဲ့ဝင်များ၊ UNICEF မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ထွန်းထွန်းနိုင် (ပြန်/ဆက်)