ဘားအံ ဩဂုတ် ၁၃
ကရင်ပြည်နယ် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုခြေပြုဗဟိုဌာန (Community Centre)တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူငယ်များ၏ အခန်းကဏ္ဍ အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ဩဂုတ် ၁၁ ရက်ကကျင်းပရာ ဘားအံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးနှင့် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နှင်းအိတို့က ပူးပေါင်းဆောင်ရွက်ကြသည်။
ဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လက်ထောက်ညွှန်ကြားရေးမှူးက ဆွေးနွေးပွဲရည်ရွယ်ချက်များကို ပြောကြားပြီး ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိက ပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် လူငယ်များပါဝင်ရန် အရေးကြီးကြောင်း၊ မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒများ၊ ပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာများကို ဖြေရှင်းနိုင်ရေး လူငယ်များ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မည့်အချက်များ၊ ကမ္ဘာတစ်ဝန်း ထင်ရှားသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး လှုပ်ရှားဆောင်ရွက်နေကြသည့် လူငယ်များအကြောင်း အသိပညာပေးဆွေးနွေးကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)