ချီဖွေမြို့၌ မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာပြီး (၁၀) ရက်အတွင်း ပြည်သူများ သွားရောက်ကြည့်ရှုလျက်ရှိ

ချီဖွေ     သြဂုတ်   ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံအထွေထွေရွေး ကောက်ပွဲအတွက် ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာခြင်းကို (၁၀) ရက်အတွင်း ပြည်သူများ စိတ်ဝင်စားစွာ လာရောက်ကြည့်ရှုပြီး မိမိအမည်မပါဝင်ခြင်းကို လျှောက်ထားခြင်း၊ ကန့်ကွက်လွှာ လျှောက်ထားခြင်း၊ အချက်အလက်မှားယွင်းနေမှုကို ပြန်လည်ပြင်ဆင်ခြင်းများ ပြုလုပ်လျက်ရှိသည်။

ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကို (၁၀) ရက်အတွင်း ချီဖွေမြို့နယ် ရပ်ကွက်(၇)ခုနှင့် ကျေးရွာအုပ်စု (၅) အုပ်စု၊ စုစုပေါင်း (၁၂)အုပ်စုမှ လာရောက်ကြည့်ရှုသူ (၁၆၉၁) ဦးခန့်ရှိပြီး  မိမိအမည် မပါဝင်ခြင်းကို ပုံစံ(၃)ဖြင့် လျှောက်ထားသူ (၉၆) ဦး၊ မပါဝင်သင့်သူများ ပါဝင်နေခြင်းကို ကန့်ကွက်သည့်ပုံစံ(၄)ဖြင့် လျှောက်ထားသူ (၈၁) ဦး၊ အချက်အလက်များမှားယွင်းခြင်းကို ပြင်ဆင်သည့်ပုံစံ ၄(ဂ)ဖြင့် လျှောက်ထားသူ (၁၉၅) ဦး ရှိပြီးဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

ချီဖွေမြို့နယ်အတွင်း  မြို့ပေါ်ရပ်ကွက်(၇) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၃) အုပ်စုရှိပြီး မဲရုံပေါင်း (၄၇)ရုံ၊ မြို့ပေါ်ရပ်ကွက်အတွင်း မဲရုံပေါင်း(၈)ရုံ နှင့် မဲဆန္ဒရှင်စာရင်းတွင် မဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၁၆၃၈) ဦးခန့်နှင့်ပုံစံ(၁-က)ဗမာမဲဆန္ဒရှင် (၄၆၇) ဦး၊ ရှမ်းမဲဆန္ဒရှင် (၁၀၇) ဦး၊ လီဆူမဲဆန္ဒရှင် (၃၇၂၂) ဦး၊ ရဝမ်မဲဆန္ဒရှင် ၆၆ ဦးရှိကြောင်း  မဲဆန္ဒရှင် စာရင်းကြေငြာခြင်းကို သြဂုတ်လ (၇) ရက်နေ့အထိ  ကပ်ထား ကြေညာသွားမှာဖြစ်ပြီး  ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ ၄(ဂ)ဖြင့်  လျှောက်ထား ခြင်းများကိုလာရောက် လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

နန်းမြင့်(မြို့နယ်ပြန်/ဆက်)