ကျောက်ဆည် ဩဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝန်း၌ ကျင်းပသည်။
ထိုသို့ဆောင်ရွက်ရာတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းအုပ် ဆရာမကြီး ဒေါ်ညိုအေးနှင့်ဆရာ/ဆရာမများ၊ အလှူရှင်များပူးပေါင်းပြီး ကျောင်းသား၊ကျောင်းသူများအား ဩဂုတ်၁၂ရက်မှ ၁၄ရက်အထိ ကျောင်းသား၊ကျောင်းသူ၃၈၃ဦးအား အာဟာရဆန်ပြုတ်များ၊ ကြာဆံချက်၊ ပေါင်မုန့်အုန်းနို့ဆမ်းများ ကျွေးမွေးသွားမည်ဖြစ်ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)