မြစ်သားမြို့နယ်၌ မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေး နှင့်နည်းပညာရယူနိုင်ရေး သက်ဆိုင်ရာဌာနများ ချိတ်ဆက်ဆောင်ရွက်ပေးမည်

မြစ်သား   ဩဂုတ်   ၁၂

မ‌န္တလေးတိုင်း‌ဒေသကြီး မြစ်သားမြို့နယ်၌ မိုးစပါးသီးနှံများစိုက်ပျိုးထုတ်လုပ်ရာတွင် ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက်  မျိုးကောင်းမျိုးသန့်များ၊ သွင်းအားစုများသုံးစွဲမှု နည်းစနစ်များနှင့် အချိန်ကိုက်ရေရရှိ‌ရေး သက်ဆိုင်ရာဌာနများနှင့်ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုင်း‌ဒေသကြီးသမဝါယမဦးစီးဌာနမှ  ညွှန်ကြားရေးမှူး ဦးထွန်းဇော်ဦးက ရွာသစ်ကျေးရွာရှိ စိုက်ပျိုးထုတ်လုပ်ရေးလုပ်ငန်းသမဝါယမအသင်းပိုင် မိုးစပါးစိုက်ခင်းများအား ကွင်းဆင်းစစ်ဆေးစဉ် ပြောကြားသည်

အဆိုပါကျေးရွာတွင် မိုးစပါးသီးနှံ ၂၂ ဒသမ ၀၇ ဧက  စိုက်ပျိုးထားရာ တိုင်း‌ဒေသကြီး သမဝါယမဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမ အသင်းစုမှတာဝန်ရှိသူများက ဩဂုတ် ၁၁ ရက် နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသင်းသားတောင်သူများအတွက် လိုအပ်သည်များကို  ညှိနှိုင်း‌ဆောင်ရွက်‌ပေးခဲ့‌ကြောင်းသိရသည်။       

ဝါဝါမြင့် (မြစ်သား)