တနိုင်းမြို့နယ်၌ ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ရပ်ကွက်/ ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်

တနိုင်း ဩဂုတ် ၁၂

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်တွင် ပုန်ခုန်းကောင်းရပ်ကွက်၊ ပီနံခ အပိုင်း(AG)မင်္ဂလာဘုရားကျောင်းဝန်းအတွင်းတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက် အဆင့်(၃)အရ မြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဘောက်နော်နှင့် ဝန်ထမ်း(၄)ဦးတို့မှ နိုင်ငံသားကဒ်ပြားများနှင့် အိမ်ထောင်စုစာရင်းများ
ကို(၁၂-၈-၂၅)ရက်(၁၀:၃၀)အချိန်၊ ပုန်ခုန်းကောင်းရပ်ကွက်၊ ပီနံခအပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ နိုင်ငံတော်မှ ထောက်ပံ့ပေးထားသည့် သွေးစစ်ခနှင့် ဓာတ်ပုံရိုက်ခ ကုန်ကျစရိတ်များအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမှ နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်သူ(၂၅)ဦးအား တစ်ဦးလျှင်ကျပ်တစ်သောင်းနှုန်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မနောမြေ(ပြန်/ဆက်)