ဘားအံ ဩဂုတ် ၁၂
ကရင်ပြည်နယ်၊ ဘားအံမြို့၌ ဘားအံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမျိူးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ဒေသခံအိမ်ထောင်ရှင်အမျိုးသမီးများ ကောင်းမွန်သန့်ရှင်းသည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ တိုးပွားလာစေရန်နှင့် စွန့်ပစ်ပစ္စည်များ ခွဲခြားသိမ်းဆည်ခြင်း အလေ့အကျင့်ကောင်းများ ရရှိလာစေရန်ရည်ရွယ်၍ အမျိုးသမီးများနှင့်ပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိပညာပေးသင်တန်းကို ဘားအံခရိုင်ပတ်ဝန်းကျင်ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ပတ်ဝန်းကျင်ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်နွေးနန္ဒာဖြိုးနှင့် ဘားအံခရိုင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ဆန်းတို့က အဖွင့်အမှာစကားပြောကြား ပြီးနောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု အခြေခံသဘောတရားနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှုအကြောင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဘားအံမြို့ရှိ ရပ်ကွက်များ ဈေးများမှအမှိုက်များ သိမ်းဆည်းခြင်း၊ စွန့်ပစ်ခြင်း၊ လက်တွေ့ဆောင်ရွက်မှုများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ စွန့်ပစ်အမှိုက်များအား မြေဆွေးပြုလုပ်နည်း၊ ခရိုင်သစ်တောဦးစီးဌာနမှ သဘာဝသစ်တောများ၏ ဝန်ဆောင်မှုအကျိုးကျေးဇူး၊ စိုက်ပျိုးပြီး သစ်ပင်များထိန်းသိမ်းခြင်းစသည့် ဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့ရာ သင်တန်းသူ(၄၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)