မြစ်သား ဩဂုတ်လ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှဝန်ထမ်းများက မြိုမနောက် အခြေခံပညာ မူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားပြီး လိမ္မာယဉ်ကျေးစေရန်ရည်ရွယ်၍ နယ်လှည့်စာကြည့်တိုက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲများကို အဆိုပါကျောင်းတွင် ယနေ့မွန်းလွဲပိုင်းအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာကျောင်းအုပ်ဆရာမကြီး ဒေါ်နီလာဝင်း ကအမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာအောင်က ကျောင်းသား၊ ကျောင်းသူများ အားလပ်ချိန်ကို အကျိုးရှိစွာအသုံးပြုကြရေး ပြင်ပစာပေဗဟုသုတများနှင့်ပတ်သက်၍ စာဖတ်ခြင်း၏ အကျိုးကျေးဇူး အကြောင် းအရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ငလျင်အန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ် စာစောင်နှင့် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းအသိပညာပေး နံရံကပ်စာစောင်နှင့်လျှပ်စစ်အန္တရာယ်အကြောင်း၊ နံရံကပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်