ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေးအတွက်  Biometric (UID) စနစ်ဖြင့် Smart Card ပြုလုပ်ဆောင်ရွက်ပေး

ကေ့ာကရိတ် ဩဂုတ် ၁၂

ကေ့ာကရိတ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ထုတ်ယူရာတွင် အဆင်ပြေစေရန် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ကေ့ာကရိတ်မြို့နယ် ဦးစီးမှူးရုံးမှ (UID) Unique Identity ဆောင်ရွက်ပေးခြင်းကို ဩဂုတ်လ ၁၂ ရက်နေ့မှစ၍ ယာယီရုံးဖွင့်လှစ်ထားသည့် အလေးမအားကစားရုံတွင် ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပေးလျက်ရှိရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကေ့ာကရိတ်ယာယီခရိုင်ဦးစီးမှူး ဦးဇော်ရာ၊  မြို့နယ်ဦးစီးမှူး ဦးထင်အောင်မိုးနှင့် ရုံးဝန်ထမ်းများက Biometric (UID) စနစ်ဖြင့် Smart Card မပြုလုပ်ရသေးသော အငြိမ်းစားများအား လိုအပ်သည်များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိရာ မြို့နေရပ်ကွက်အသီးသီးမှ အငြိမ်းစားများ လာရောက်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် အဆိုပါ‌ ဆောင်ရွက်ပေးနေမှု အ‌ခြေအနေများကို ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူးမှ လာရောက်ကြည့်ရှု၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း‌ ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)