ညောင်ဦး ဩဂုတ် ၁၂
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၂ ရက်နေ့တွင် ကျရောက်သော ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားကို မြန်မာပြည်အရပ်ရပ်ရှိ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားရှိသည့် ဆင်စခန်းအသီးသီးတွင် ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကမ္ဘာ့ဆင်များနေ့ကို ကြိုဆိုခဲ့ကြကြောင်း ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးချစ်ကိုကိုထံက သိရသည်။
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ပလင်းကမ်းသာယာဆင်းစခန်းရှိ ဆင်များအား ဆင်စာဘူဖေးကျွေးမွေးခြင်း၊ ပလင်းကျေးရွာ အခြေခံပညာပညာအလယ် တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား ဆင်များအကြောင်း၊ အာဖရိကဆင်နှင့် အာရှဆင်များ၏ မတူကွဲပြားမှုအမူအကျင့်များ၊ မြန်မာ့ဆင်များထိန်းသိမ်းထားရှိမှုတို့အား ကျောင်းသား၊ ကျောင်းသူများအား ပလင်းကမ်းသာယာဆင်စခန်းတာဝန်ခံ ဦးချစ်ကိုကိုက ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်ကို ကမ္ဘာပေါ်ရှိဆင်များအား ကာကွယ်ထိန်းသိမ်းကြရန်ရည်ရွယ်ပြီး ၂၀၁၂ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့မှ စတင်ကာ ကနေဒါနိုင်ငံသား ရုပ်ရှင်ထုတ်လုပ်သူ Patricia Sims နှင့် ထိုင်းနိုင်ငံအခြေစိုက် Elephant Reintroduction Foundation တို့မှစတင်ကျင်းပလာခဲ့ရာ ယခုဆိုလျှင် ကမ္ဘာ့ဆင်များနေ့အား ကူညီပံ့ပိုးပေးနေသည့် (Wildlife Organizations) နိုင်ငံပေါင်း (၇၂)နီးပါးရှိနေပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ခံလက်ထောက်မန်နေဂျာ ဦးချစ်ကိုကိုကရှင်းပြသည်။
ကမ္ဘာ့ဆင်များနေ့အထိမ်းအမှတ်အဖြစ် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ထားသည့် ဆင်စခန်း(၂၂)ခုလုံး ဆင်စာဘူဖေးကျွေးခြင်းများဖြင့် ကျင်းပခဲ့ကြောင်း ဆင်များအား နာနတ်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ သခွားသီး၊ ရွှေဖရုံသီး၊ သရက်သီး၊ ကြံ၊ နေပီယာမြက်၊ ကိုင်းမြက်၊ ဝါးရွက်၊ ပြောင်းဖူးတို့အား ဆင်စာဘူဖေးကျွေးခဲ့ကြောင်း ဥတ္တရသီရိမြို့နယ် ငလိုက်စခန်းသာဆင်စခန်း တာဝန်ခံကပြောကြား၍ သိရသည်။
ဒီပါလင်း