အမရပူရ သြဂုတ် ၁၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမတွင် စာရေးဆရာ ပြည့်ဆွေ (နတ္တလင်း)၏ စာအုပ်လှူဒါန်းပွဲ အပြီးတွင် စာရေး ဆရာများနှင့် စာပေချစ်သူများ ပူးပေါင်း၍ တက္ကသိုလ်ဘုန်းနိုင် ရေးသားထားသော တပြည်သူမရွှေထား စာအုပ်ကို စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ စာဖတ်ဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမျိုးမင်းက ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းကို အမရပူရ စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာပြည့်ဖြိုးသီနှင့် စာရေးဆရာ ဝေမင်းသန့် (မန်ကျည်းဗုဓ်)တို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ကြသည်။ တက်ရောက်လာသော စာရေးဆရာများနှင့် စာပေချစ်သူများက တက္ကသိုလ်ဘုန်းနိုင်၏ စာပေအရေးအသား၊ အနှစ်သာရများကို ဝိုင်းဝန်းဆွေးနွေးခဲ့ကြပြီး သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ ယနေ့ စာဖတ်ဝိုင်းသို့ စာရေးဆရာများ၊ စာပေချစ်သူများ စုစုပေါင်း ၃၀ ဦး တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
စိုးသီဟ(အမရ)