မောက်မယ်မြို့နယ်၌ နေရပ်စွန့်ခွာပြည်သူများအား ငွေသားများပေးအပ်ခြင်းအခမ်းအနား ကျင်းပ

မောက်မယ် သြဂုတ် ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငွေသားများပေးအပ်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က အဖွင့်အမှာစကားပြောကြားပြီး လက်နက်ကိုင်ပဋိပက္ခအန္တရာယ်မှ တိမ်းရှောင်လာသည့် ယာယီနေရပ်စွန့်ခွာပြည်သူများ(၅၈)ဦးအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ် ဧပြီ၊ မေလနှင့် ဇွန်လအတွက်တစ်ဦးလျှင် (၆၀၀၀၀)ကျပ်နှုန်းစီ စုစုပေါင်းငွေ(၃၄၈၀၀၀၀) ကျပ်အား တာဝန်ရှိသူများက ငွေသားများအသီးသီးပေးအပ်ရာ သက်ဆိုင်ရာပြည်သူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)