မဟာအောင်မြေမြို့နယ် မဟာမြိုင် (၂) ရပ်ကွက်ရှိ ဘုန်းကြီးကျောင်း (၄) ကျောင်းအား  ထောက်ပံ့ပစ္စည်းများ ပေးအပ်လှူဒါန်း

မဟာအောင်မြေ ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက်၌ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆန်၊ ဆီ၊ ကြက်သွန်နီ၊ ကုလားပဲများအား ဘုန်းကြီးကျောင်း (၄) ကျောင်းဖြစ်သည့် ဇေယျာသီရိရွာ ဦးကျောင်း၊ ရန်အောင်မြင်ကံလှကျောင်း၊ ချမ်းသာရကျောင်း၊ မဟာဝိဇယကျောင်းများရှိ သံဃာတော်များအား ယနေ့နံနက်ပိုင်းက ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်မှုကို မဟာအောင်မြေမြို့နယ် မဟာမြိုင် ၂ ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ကြီးကြပ်၍ ဆက်လက်ပေးအပ်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း (ပြန်/ဆက်)