ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုခန်း၌ လူငယ်ဆိုင်ရာဆွေးနွေးပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ပြုလုပ်

ပင်လောင်း ဩဂုတ် ၁၂

အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ဆိုင်ရာဆွေးနွေးပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မွန်လွဲပိုင်းက ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ပြုလုပ်သည်။

ဆွေးနွေးပွဲတွင် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်ရည်မှန်းချက်၊ ကျောင်းနှင့်ဘဝဆက်စပ်ပြင်ဆင်ကြ၊ ကလေးတွေကို ရွေးချယ်ခွင့်ပေးပါ၊ အမှားမြင်လျှင် အမှန်ပြင်၊ ဗလငါးတန်နှင့်ယနေ့လူငယ်များ၊ သဝသက်စာ သင်ယူပါ၊ လူငယ်နှင့် အနာဂတ်စသည့်တို့ကို ဆွေးနွေးကြပြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစော၊ ဒုတိယဦးစီးမှူး ဦးဇော်မိုးဦးတို့က လူငယ်များအနာဂတ်လှပဖို့ လိုအပ်သည်များ ဖြည့်စွက်ဆွေးခဲ့ကြကြောင်း၊ ထို့နောက် ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့် ရည်မှန်ချက်ခေါင်းစဉ်ဖြင့်  စာစီစာကုံး ယှဉ်ပြိုင်ကြသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ်များ၊ သုံးစွဲခြင်းမှရရှိလာသည့် ဆိုးကျိုးများ အသိပညာပေးနံရံကပ်စာစောင်၊ ဓာတ်ပုံများကို ဖတ်ရှူလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ် ပြန်/ဆက်