သုံးခွမြို့နယ်တွင် ရွေး​ကောက်​ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

သုံးခွ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့၀င်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်က မိတ်ဆက်အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်က ရွေးကောက်ပွဲနှင့်ပတ်သက်၍ ညွှန်ကြားချက်များအား ရှင်းလင်းဆွးနွေးခြင်း၊ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာအသိပညာပေးခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းအစီအစဉ်များနှင့် ဆက်လက်ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ရပ်/ကျေးရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရန် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့၀င်များက တစ်ဦးချင်းမိတ်ဆက်ပြီး ရွေးကောက်ပွဲနှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများအား အပြန်အလှန်ဆွေးနွေးခဲ့ကြောင်း သိရသည်။

စည်သူလင်း (ပြန်/ဆက်)