နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းဘောလုံးပြိုင်ပွဲ ကျင်းပ

နောင်တရား ဩဂုတ် ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် နောင်တရားမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းတွင်းဘောလုံးပြိုင်ပွဲကို ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အ.ထ.က ကျောင်းအားကစားကွင်း၌ ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျောင်းဘင်ခရာအဖွဲ့မှ အားကစားသီချင်းတီးမုတ်၍ ကျောင်းသားအားကစားဘောလုံးအသင်းများက နေရာယူသည်။ ထို့နောက် ဘင်ခရာအဖွဲ့နှင့် အားကစားသမားများက  နိုင်ငံတော်အလံကိုအလေးပြုခြင်းနှင့် အားကစားအဓိဋ္ဌာန်သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ အခမ်းအနားတွင် အ.ထ.က ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး၊ ကျောင်းကော်မတီဥက္ကဋ္ဌက ဘောလုံးပြိုင်ပွဲ ကျင်းပပေးရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။ အဆိုပါကျောင်းတွင်း အားကစားပြိုင်ပွဲတွင် အမျိုးသားအသင်းနှင့်အမျိုးသမီးအသင်း စုစုပေါင်း(၃၂)သင်း ပါဝင်ယှဉ်ပြိုင်ကြကြောင်း သိရသည်။

ခွန်အောင်(နောင်တရား)