မိုင်းကိုင် ဩဂုတ် ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ လွိုင်လင်ခရိုင် အုပ်ချုပ်ရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများတွေ့ဆုံပွဲကို ယမန်နေ့ နေ့လည်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည် ။
အခမ်းအနားတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကြည်မြင့်က ဒေသဖွံ့ဖြိုးရေးလုပ်ငန်း၊ မြို့ရွာသန့်ရှင်းသာယာလှပရေး၊ ရေထိန်းတော သစ်တောသစ်ပင်ထိန်းသိမ်းစောင့်ရှောက်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စများနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ တက်ရောက်လာကြသည့် မြို့နယ်အဆင့်ဌာဆိုင်ရာအကြီးအကဲများက တစ်ဦးချင်းမိတ်ဆက်ခြင်း၊ မိမိဌာနနှင့်ပတ်သက်သည့်လုပ်ငန်းဆောင်ရွက်ချက်အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။
ယင်းနောက် ခရိုင်ရဲတပ်ဖွဲမှူး ဒုတိယရဲမှူးကြီးမိုးညွှန့်ထွန်းက မှုခင်းကျဆင်းရေး၊ ခရိုင်သစ်တောဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးမောင်မျိုးက ရေထိန်းတောကာကွယ်ရေးဆိုင်ရာများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှုအခြေအနေများ၊ မြို့နယ်ဥပဒေအရာရှိ ဦးငြိမ်းချမ်းထက်က ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ နည်းဥပဒေဆိုင်ရာသိမှတ်ဖွယ်ရာများကို ရှင်းလင်းဆွေးနွေးရာတက်ရောက်လာကြသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ရပ်မိရပ်ဖများကမိမိတို့သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးမေးမြန်းကာ ခရိုင်အုပ်ချုပ်ရေးမှူးကကဏ္ဍတစ်ခုခြင်းစီ၏ လုပ်ငန်းများအား ပြန်လည်ပေါင်းစပ်ဆွေးနွေးပြီး နိုင်ငံတော်မူဝါဒနှင့်ရည်မှန်းချက်တာဝန်များကို ပြည့်မီစွာဆောင်ရွက်နိုင်ရန် ပြောကြားခဲ့ကြောင်း သိရသည်။
ချော(မိုင်းကိုင်)