မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (Community center)ခန်းမတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းခုတ် သြဂုတ် ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ လူထုအခြေပြုဗဟိုဌာန (community center) ခန်းမတွင် ယနေ့မွန်းလွဲပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါဟောပြောပွဲတွင် မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ရုံးဦးစီးမှူး ဒေါ်ခင်သန္တာအောင်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်၍ လူငယ်များအနေဖြင့် မိမိတို့ဘဝခရီးပန်းတိုင်အတွက် ပညာကို ဇွဲ၊ လုံ့လ၊ ဝီရိယဖြင့် ကြိုးစားအားထုတ်မည်ဆိုလျှင် မိမိတို့အနာဂတ်ဘဝလှပမည်ဖြစ်ကြောင်းကို ဟောပြောခဲ့ပါသည်။

စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲသို့ မိုင်းခုတ်မြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

မိုင်းခုတ်မြို့(ပြန်/ဆက်)