လင်းခေး သြဂုတ် ၁၂
“ကမ္ဘာတစ်ဝန်းရှိလူမှုအသိုက်အဝန်း၌ လူငယ်များ၏ အနာဂတ်ကိုအလေးထားလာရန်နှင့် မြှင့်တင်ရန်”ဟူသည့် ရည်ရွယ်ချက်အားဖြင့် ၂၀၂၅ ခုနှစ်သြဂုတ် ၁၂ ရက် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီခွဲက ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲ၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းမြင့်က အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဖြစ်ပေါ်လာပုံ၊ လူငယ်ရေးရာဦးစီးဌာန၏ မူဝါဒများ(၇)ချက်နှင့်စပ်လျဉ်းသည့် သိကောင်းစရာများအကြောင်း၊ လူငယ်နှင့်ဆိုရှယ်မီဒီယာအသုံးပြုခြင်း ကောင်းကျိုး၊ ဆိုးကျိုးသိကောင်းစရာများနှင့် လူငယ်နှင့် AI နည်းပညာလေ့လာ၊ လိုက်စားအသုံးချတတ်လာနိုင်စေရေး အစရှိသည့် လူငယ်ရေးရာဆိုင်ရာအသိပညာပေး ဟောပြောပေးခဲ့ပါသည်။ ယင်းနောက် တက်ရောက်လာကြသည့် လူငယ်များမှ သိရှိလိုသည်များမေးမြန်းခြင်း၊ ပြန်လည်ဆွေးနွေးဖြေကြားပေးခြင်းတို့ ဆောင်ရွက်ခဲ့ပြီးနောက် အသိပညာပေးဟောပြောပွဲအား ရုပ်သိမ်းလိုက်ပါသည်။
ဟောပြောပွဲသို့ လင်းခေးမြို့ရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာလူငယ်မောင်မယ်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ စုစုပေါင်း(၄၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
စိုင်းဇော်လတ်(လင်းခေး)