အလုံ ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ အလုံမြို့နယ်တွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း အနန္တပညာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲကိုကိုက အဖွင့်အမှာစကားနှင့် စာပေဖတ်ရှုခြင်းဖြင့် မိမိဘ၀ကို ဆင်ခြင်တုံတရားများဖြင့် လမ်းကြောင်းမှန်ကိုသွားနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အိအိမွန်က လူငယ်နှင့်စာပေခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်တိုင်းရင်းဆေးကုဌာနမှ ဒေါ်မေသန်းမြင့်ထွေးက ၀မ်းပျက်၀မ်းလျှောရောဂါ ဖြစ်ပွားလာပါက သတိပြုဆင်ခြင်ရမည့် အကြောင်းခေါင်းစဉ်များဖြင့်လည်းကောင်း၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါက်တာယုမွန်သော်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် ကျန်းမာရေးအသိပညာပေး၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာအသိပညာပေး နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြပြီး ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တိုင်းရင်းဆေးဖြင့် ဆေးကုသမှုပေးခဲ့ကြောင်း သိရသည်။
ယောဧရာ (မြို့နယ်ပြန်/ဆက်)