ရန်ကုန် ဩဂုတ် ၁၂
သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် မိခင်နို့စနစ်တကျတိုက်ကျွေးရေး အာဟာရရက်သတ္တပတ်လှုပ်ရှားမှုအခမ်းအနားကို ယမန်နေ့နံနက်က သန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာန၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ သန်လျင်ခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဒေါ်အေးသန္တာထွန်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယခရိုင်ဦးစီးမှူး ဒေါက်တာဝေဟင်၊ သန်လျင်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဒုတိယဥက္ကဋဒေါ်ဇင်မာစိုးနှင့်အဖွဲ့ဝင်များ၊ကျေးလက်ကျန်းမာရေးဦးစီးမှုး ဒေါ်စိုးစိုးသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များ တက်ရောက်ကြသည်။
ဆက်လက်၍ ကိုယ်ဝန်ဆောင်များ၊ နို့တိုက်မိခင်များနှင့်ပတ်သက်သော အသိပညာဗဟုသုတများအား ကျေးလက်ကျန်းမာရေးမှူး ဒေါ်စိုးစိုးသိန်းက ဟောပြောဆွေးနွေးခဲ့သည်။ ယင်းနောက် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌက ဖြည့်စွက်မှာကြားပြီး ကလေးငယ်များအား ကိုယ်အလေးချိန်တိုင်းတာခြင်း၊ ကိုယ်ဝန်ဆောင်မိခင်များအား ကြက်ဥ၊ ငှက်ပျောသီးဖီးကြမ်း၊ အိုင်အိုဒင်းဆား၊ ကုလားပဲများအား အာဟာရဖြစ်စေရန် ပေးအပ်ခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)