မှော်ဘီမြို့နယ်၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မှော်ဘီ ဩဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊မှော်ဘီမြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာ လူငယ်များနေ့ အထိမ်းအမှတ် အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ်အချိန်က အခြေခံပညာအထက်တန်ကျောင်း (သန္ဓေပင်) ကျောင်းခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် သန္ဓေပင် အ.ထ.ကမှ ကျောင်းသား၊ ကျောင်းသူများက အနာဂတ်လူငယ်အတွက် လူရည်မွန်သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးဇော်ဇော်နိုင်က လူငယ်နှင့်ဗလငါးတန်ဖွံ့ဖြိုးရေးခေါင်းစဥ်ဖြင့်လည်းကောင်း မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ စာရေးဆရာ မောင်ချိုဝေက ဉာဏ်ပညာဘယ်ကရမှာလဲခေါင်းစဥ်ဖြင့်လည်းကောင်း၊ ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစန်းဝင်းက ဘဝတိုးတက်ရေး အောင်မြင်လိုသူများအတွက် နည်းလမ်းကောင်းကောင်းများ ခေါင်းစဥ်ဖြင့်လည်းကောင်း ပြောကြားကာ "စာပေနှင့်အားကစားအလေးထားလူငယ်အနာဂတ်အား" ခေါင်းစဥ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် အလယ်တန်းအဆင့် ဆုများချီးမြှင့်ခြင်းနှင့် ပိုက်ကျော်ခြင်း၊ ဘောလုံးအားကစားပစ္စည်းများ ပေးအပ်ကာ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး၌ FTNESS DANCE အကပြိုင်ပွဲတွင် ပြိုင်ပွဲဝင်ခဲ့ကြသော ကျောင်းသူများက သရုပ်ပြကပြဖြေဖျော်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် သုတ/ ရသစာအုပ်၊ စာစောင်များ ပြသထားရှိမှုအား ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဝင်းဇော် (ပြန်/ဆက်)