ထန်းတပင် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှ ကြီးမှူး၍ ကျင်းပပြုလုပ်သည့် သက်ငယ်မုဒိမ်းပပျောက်စေရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက်ပိုင်းက ပေါက်တန်းကျေးရွာ၊ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သင်းသင်းအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ထန်းတပင်မြို့နယ်ဦးစီးမှူးရုံး မြို့နယ်ဦးစီးမှူးဦးခင်ဆွေ၊ ဒုတိယမြို့နယ်တရားသူကြီး ဒေါ်အေးမြတ်မွန်နှင့် တက်သစ်နယ်မြေရဲစခန်းမှူး ရဲအုပ်လှမြင့်တို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေး အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်မြင့်နှင့် ဒုတိယမြို့နယ်ဥပေဒအရာရှိ ဒေါ်စန္ဒာစိုးတို့က သက်ငယ်မုဒိမ်းမှုအကြောင်းအရာများကိုလည်းကောင်း တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့သိရှိလိုသည်အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ဇင်မင်းထိုက်