တွံတေး သြဂုတ် ၁၂
တိုင်းရင်းဆေးပညာဦးစီးဌာနရုံးချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းဆေးပညာဦးစီးဌာန တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ် တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးနှင့် အဖွဲ့သည် အိုးဘိုအရှေ့ရပ်ကွက်ရှိ အ.မ.က (မူလွန်) အိုးဘိုအရှေ့တွင် ယမန်နေ့ နေလယ် ၁ နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဝါးကုသပေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်တိုင်းရင်းဆေးကုဌာန၊ မြို့နယ်တိုင်းရင်းဆေးမှူး ဒေါ်နွယ်နွယ်ဦးက အ.မ.က(မူလွန်) အိုးဘိုအရှေ့မှ ဆရာမများ ကျောင်းသား၊ ကျောင်သူများကို မိုးတွင်းကာလ၌ ဖြစ်ပွားတတ်သော ရောဂါများအကြောင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ ရာသီတုပ်ကွေး၊ သွေးလွန်တုပ်ကွေးရောဂါများအကြောင်း ဆောင်ရန်၊ ရှောင်ရန်နှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးတို့ကို လက်တစ်ကမ်းရှိ တိုင်းရင်းဆေးအသုံးဝင်ပုံအကြောင်း အသိပညာပေးဟောပြောခဲ့ပြီး တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများက်ို တိုင်းရင်းဆေးဖြင့် ကုသပေးရာလာရောက်ကုသသူ ကျားကြီး၊ ကျားလေး(၁၅)ဦး၊ မကြီး(၃)ဦး၊ မလေး(၂၂)ဦး စုစုပေါင်း(၄၀)ဦးတို့ကို တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မျိုးလှိုင်