မဟာအောင်မြေမြို့နယ်၌  မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယို ရိုက်ကူးတည်းဖြတ်နည်းသင်တန်းဖွင့်

မဟာအောင်မြေ  ဩဂုတ် ၁၂

မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့ နံနက်ပိုင်းက မိုဘိုင်းဖုန်းဖြင့် သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်းကို ဖွင့်လှစ်သည်။

ဦးစွာ မဟာ‌အောင်မြေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးမြင့်သိန်းစိုးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။  ဆက်လက်၍ သင်တန်းနည်းပြ ဦးအောင်ဇော်မင်း(ဓာတ်ပုံကျွမ်းကျင်-၂)က မိုဘိုင်းဖုန်းဖြင့် Power Director နှင့် Kine master အသုံးပြု၍ သတင်းဗီဒီယို ပြုလုပ်ပုံ အဆင့်ဆင့်ကို  သင်တန်းပို့ချ သည်။

ထို့နောက် တက်ရောက်လာသည့် သင်တန်းသား/သင်တန်းသူများက လက်‌တွေ့လုပ်ဆောင်ခဲ့ပြီး အဆိုပါ သင်တန်းသို့ မဟာ‌အောင်မြေမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း(၈)ဦး တက်ရောက် သင်ကြားခဲ့ပြီး သင်တန်းကာလမှာ နှစ်ရက်ဖြစ်ကြောင်း သိရသည်။

အောင်ဇော်မင်း