သာကေတ သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ စာပေမှဗဟုသုတများစွာရရှိစေရန်၊ စာအုပ်စာပေများကို လက်ဝယ်အရောက် အလွယ်တကူဖတ်ရှူလေ့လာနိုင်စေရန်နှင့် စာပေကိုပိုမိုမြတ်နိုးတန်ဖိုးထားတတ်စေရန်ရည်ရွယ်၍ ဗဟုသုတရရှိစေမည့် သုတ၊ ရသ၊ စာအုပ်၊ စာစောင်များအား ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက်ငှားရမ်းပေးခြင်း၊ စာဖတ်ခြင်းအကျိုးအသိပညာပေးဟောပြောခြင်း၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်ပြသခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဝန်ထမ်းများက ယနေ့နေလည်(၁)နာရီအချိန်က သာကေတမြို့နယ် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သာကေတမြို့နယ်ရုံးမှဦးစီးမှူး ဒေါ်အိရွှေစင်လတ်က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း အသိပညာပေးဟောပြောခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား စာအုပ်၊ စာပေများဖတ်ရှုစေခြင်း၊ ဖတ်ရှုပြီးသည့်များကိုပြန်လည်မေးမြန်းခြင်း၊ ကလေးအလုပ်သမားအသိပညာပေးနံရံကပ်စာစောင်များကြည့်ရှုခြင်းများကိုဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ပေးခြင်းကို သာကေတမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ဌာနဆိုင်ရာရုံးများသို့အလှည့်ကျသွားရောက်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
သာကေတ(ပြန်/ဆက်)