မင်္ဂလာတောင်ညွန့် ဩဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၌ မြို့နယ်အတွင်းသို့ ပြောင်းရွှေ့ရောက်ရှိလာသည့် နေရပ်စွန့်ခွာပြည်သူများအတွက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေမှ ၂၀၂၅ ခုနှစ်၊ ဧပြီလ၊ မေလနှင့် ဇွန်လတို့အတွက် တစ်ဦးလျှင်(၃)လစာ ငွေကျပ် ၆၀,၀၀၀/-ပေးအပ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာတောင်ညွန့်ရပ်ကွက်၊ တောင်ညွန့်ကြီးဓမ္မာရုံတွင်လည်းကောင်း၊ မွန်းလွဲ (၂)နာရီအချိန်တွင် ပုသိမ်ညွန့်ရပ်ကွက်၊ သဒ္ဓမ္မဗျူဟာဓမ္မာရုံတို့တွင်လည်းကောင်း ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြသိန်းထွန်းနှင့် အဖွဲ့၀င်များ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ခဲ့ကြပါသည်။
ထိုသို့ပေးအပ်ရာတွင် ရပ်ကွက်(၉)ရပ်ကွက်အတွင်း ယာယီနေရပ်စွန့်ခွာနေထိုင်ကြသည့် ပြည်သူတစ်ဦးလျှင် ငွေကျပ် ၆၀,၀၀၀ အား လက်၀ယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြတ်မြတ်အေး (ပြန်/ဆက်)