ရန်ကုန် သြဂုတ် ၁၂
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် ယာယီနေရပ်စွန့်ခွာပြည်သူများအား ငှက်ဖျားပိုးရှိ/မရှိ စစ်ဆေးပေးခြင်းကို ယမန်နေ့မွန်းလွဲ (၁) နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးပေးရာတွင် လမ်းမတော်မြိုနယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဦးစီးအရာရှိ ဦးဇော်လင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်း(၄)ဦးနှင့်အတူ ယာယီနေရပ်စွန့်ခွာပြည်သူ (၄၂)ဦးအား ငှက်ဖျားပိုးရှိ/မရှိ စစ်ဆေးပေးခြင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကျော်ဆန်းမြင့်