မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးနှင့် ယာဉ်လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေး ဆောင်ရွက်ပေးလျက်ရှိ

မြောက်ဥက္ကလာပ သြဂုတ် ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် အမှတ်(၃၅)ယာဥ်ထိန်းတပ်ဖွဲ့စုနှင့် ပူးပေါင်းအဖွဲ့မှ မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေး ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာနိုင် ဆောင်ရွက်နိုင်ရေးနှင့် ယာဉ်လမ်းပိတ်ဆို့မှု မဖြစ်ပေါ်စေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ဗျူဟာ(၁)ဗိုလ်မှူး မင်းဇော်ထွန်းနှင့် တပ်ဖွဲ့၀င်များ၊ အမှတ်(၃၅)ယာဥ်ထိန်းတပ်ဖွဲ့စုမှ မြို့နယ်တပ်စုမှူး ဒုတိယရဲမှူး လှိုင်ဝင်းအောင်နှင့် တပ်ဖွဲ့၀င်များ ပါ၀င်‌သောပူးပေါင်းအဖွဲ့က မိမိတို့မြို့နယ်အတွင်း သွားလာနေကြသော မော်တော်ယာဉ်မောင်းနှင်းနေသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းသိရှိလိုက်နာစေရေး၊ တရားမ၀င်ကုန်ပစ္စည်းများ တင်ဆောင်မောင်းနှင်းမှု မရှိစေရေး ပိတ်ဆို့စစ်ဆေးခြင်း၊ ယာဉ်မတော်တဆမှုလျော့နည်းကျဆင်းစေရေး၊ ယာဉ်လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ကားလမ်းမကြီးအနီးအနားရှိ အခြေခံပညာကျောင်းများ ကျောင်းတက်ကျောင်းဆင်းချိန်များတွင် ကျောင်း‌‌သား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းရှင်းစေရေးတို့အတွက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)